ဆိပ်ကြီးခနောင်တို ဩဂုတ် ၁၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ (BookClub) စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လည် ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဇာခြည်စိမ့်က “ကိုဗစ်-၁၉ရောဂါ ကာလအတွင်း စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ခေတ္တရပ်နားထားခဲ့ပြီး၊ ယခုအခါ စာဖတ်ဝိုင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ပြန်လည် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကြောင့် ရရှိလာသည့် စာပေအသိများ တိုးပွားလာမည် ဖြစ်ကြောင်း၊ စာပေ ဝါသနာရှင်များအနေဖြင့် ကိုဗစ်-၁၉ ကာလ အတွင်း နေအိမ် တွင် နေ၍ အသိပညာဗဟုသုတတိုးပွားစေမည့် စာအုပ်၊ စာပေများ ဖတ်ရှုသွားရန်လိုကြောင်း” ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာ ဖေမြင့်ရေးသားသည့် “တန်ဖိုးထားအပ်သော အရာများ”စာအုပ်ထဲမှ “အဆုံးအဖြတ် ပေးတဲ့ လူအကြောင်း” ၊ “အတိုင်းအတာမသိတဲ့လူ” ၊ “တန်ဖိုးထားအပ် သောအရာများ”စသည့် ခေါင်းစဉ်ပါ အကြောင်းအရာ များကို စာပေဝါသနာရှင်များ၊ Book Club, Women Club အသင်းဝင်များက အလှည့်ကျ ဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသည့်စာပေ ချစ်သူ လူငယ်များက စာပေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ စာပေ ဆွေးနွေးကြသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)