တွံတေး စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိအသက် ၆၅ နှစ်နှင့် အထက် ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအ ကြိမ်ဆက်လက်ထိုးနှံမှုအား ယနေ့ နံနက် ၉ နာရီက တွံတေးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ယုဇနခန်းမ၌ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှ၏ ဦးဆောင် မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့်တာဝန်ရှိသူတို့က ကာကွယ်ဆေး လာရောက် ထိုးနှံကြသည့် အသက် ၆၅နှစ်နှင့်အထက်အဘိုး အဘွားများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းများ ပြုလုပ်ပေးပြီးနောက် ကာကွယ်ဆေးအား စနစ်တကျ ထိုးနှံပေးခဲ့ပြီး မိနစ်၃၀ အနားယူစေပြီး စိတ်ချ သည့် အခြေအနေရောက်ရှိမှသာ စနစ်တကျပြန်ခွင့်ပြုထားကြောင်း သိရသည်။
တွံတေးမြို့နယ်အတွင်း ဆေးထိုးအုပ်စုနေရာများအဖြစ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နှင်ကျေးရွာအုပ်စု စုရပ်(၁၃)ခုတွင် သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံပေးမှာဖြစ်ပြီး ယနေ့တွင် တွံတေးမြို့ပေါ် အုန်းပင်စု ရပ်ကွက်နှင့် အိုးဖိုအရှေ့ရပ်ကွက်ရှိ အသက်၆၅ နှစ်နှင့် အထက် (၅၄)ဦး၊ Volunteer (၁၈၆)ဦး စုစုပေါင်း(၂၄၀)ဦးကို ဆက်လက် ထိုးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)