လယ်ဝေးမြို့နယ်အတွင်း TB/HIV ရောဂါ တားဆီးတိုက်ဖျက်ရေး ကော်မတီအစည်းအဝေးကျင်းပ

လယ်ဝေး     ဩဂုတ်

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း TB / HIV ရောဂါ တားဆီး တိုက်ဖျက်ရေး ကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ()နာရီ က လယ်ဝေးမြို့ ခုတင် (၁၀၀) ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာဖြူဖြူဝင်းကမြန်မာနိုင်ငံ သည် ကမ္ဘာ့တီဘီရောဂါအဖြစ်အများဆုံးနိုင်ငံ (၃၀)   TB / HIV အဖြစ်အများဆုံး နိုင်ငံ(၃၀) ဆေးယဉ်ပါး တီဘီအဖြစ်အများဆုံး နိုင်ငံ(၃၀)တို့တွင် ပါဝင်လျှက်ရှိကြောင်း၊ (၂၀၀၅)ခုနှစ် ကတည်းက မြန်မာနိုင်ငံမှာ TB / HIVရောဂါတားဆီးရေး၊ တိုက်ဖျက်ရေး လုပ်ငန်းများကို အတူလက်တွဲလုပ်ဆောင်ခဲ့ပြီး လယ်ဝေးမြို့နယ်အနေဖြင့် (၂၀၁၄)ခုနှစ် ကစ၍ TB / HIV ရောဂါ တားဆီးရေး၊ တိုက်ဖျက်ရေးလုပ်ငန်းများကို အတူလက်တွဲလုပ် ဆောင်ခဲ့ကြောင်း၊ အကယ်၍ TB / HIVရောဂါနှစ်မျိုး ခံစားနေရပါက တီဘီရောဂါကို အရင်ဆုံးပျောက်အောင်ကုသရမှာဖြစ်ပြီး ရောဂါပျောက်ကင်းသွားမှ  HIV ရောဂါကို ဆက်ပြီး ကုသသွားရန်လိုအပ်ကြောင်း၊ တီဘီရောဂါ ဖြစ်ပွားမှုမှကြိုတင်ကာကွယ်ရန် မိမိတို့ပတ်ဝန်းကျင်တွင် ရက်သတ္တပတ်()ပတ်ခန့် ချောင်းဆိုး နေပါက ဆေးရုံသို့ အမြန်အကြောင်းကြားသင့်ကြောင်းစသည်ဖြင့်ပြောကြားသည်။

ထို့နောက် လက်ထောက်ကျန်းမာရေးမှူး(TB) ဦးအေးကိုက တီဘီရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်များကိုလည်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင် ရာတာဝန်ရှိသူ များ က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

လယ်ဝေးမြို့နယ်အနေဖြင့် ART ဆေးခန်းကို ဗုဒ္ဓဟူး နေ့တိုင်းဖွင့်လှစ် ထားရှိပြီး ယနေ့အထိ ART ဆေးထုတ်ယူနေသည့် လူနာစုစုပေါင်း(၂၅၁)ဦး ရှိကြောင်း သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)