“ဆုတောင်းပြည့် အဓိဋ္ဌာန်အောင် လျောင်း တော်မူဘုရားကြီး” အား ဘုရားရေသပ္ပယ်ခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်း တို့ကို မအီနယ်မြေမီးသတ်စခန်းမှ ကုသိုလ်ဒါနပြု ဆောင်ရွက်

မအီ စက်တင်ဘာ ၃

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့၊ မအီတောရကျောင်း၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာ စရိယ ဝနဝါသီ အရှင်ဝါယာမိန္ဒ(မြောက်ဦးဆရာတော်)၏ သက်တော်(၆၂)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် တည်ထားကိုးကွယ်မည့်“ဆုတောင်းပြည့် အဓိဋ္ဌာန်အောင် လျောင်းတော်မူဘုရားကြီး”အား  မအီနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစောကျော်လင်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ရေယာဉ်(၂)စီးဖြင့် ယမန်နေ့ ညနေပိုင်းတွင် ဘုရားရေသပ္ပယ်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်း တို့ကို ကုသိုလ်ဒါနပြု ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ မြောက်ဦးဆရာတော်၏ သက်တော်(၆၂)နှစ်ပြည့် ‌ဝိဇာတ မွေးနေ့ပူဇော် ပွဲတွင် ဉာဏ်တော်ပေ(၉၀)ရှိ “ဆုတောင်းပြည့် အဓိဋ္ဌာန်အောင် လျောင်းတော်မူဘုရားကြီး”အား အသံမစဲ ပဋ္ဌာန်း(၃)ရက် ပူဇော်ပွဲကိုလည်းကောင်း၊ သံဃာတော်အရှင်သူမြတ် အပါး(၂၀၀) ခန့်ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင် ပူဇော်ပွဲကို လည်းကောင်း၊ စတုဒီတာ နိဗ္ဗာန်ဈေး အလှူတော်ပွဲကိုလည်းကောင်း (၃-၉-၂၀၂၁)ရက်မှ(၆-၉-၂၀၂၁)ရက်ထိ မအီတောရကျောင်းဝင်း အတွင်း ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

 

သိန်းထွန်းအောင်