ကျောက်ပန်းတောင်း စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ယနေ့ နံနက် ၂နာရီမှ နံနက် ၅နာရီခွဲထိ ရွာသွန်းခဲ့သည့်မိုးကြောင့် ချောင်းပေါင်းစုံကျပြီး ကြက်မောက်တောင် ချောင်းရေလျှံကာ ချောင်းဘေးတစ်လျှောက်စိုက်ပျိုးထားသည့် မိုး ကောင်းသောက်စပါး စိုက်ခင်းများနှင့် အခြားသီးနှံစိုက်ခင်းများပျက်စီးဆုံးရှုံးခဲ့ကြောင်း လဲဂွကျေးရွာမိုးကောင်း သောက်စပါးစိုက်ပျိုး တောင်သူများထံက သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ယနေ့ နံနက် ၂နာရီအချိန်မှစတင်၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့ပြီး ပုပ္ပားတောင်မှချောင်းဖျားခံစီးဆင်းလာ သည့် သံဘိုချောင်းဖျား (ဆည်ပေါက်)ချောင်း၊ ငဝချောင်း၊သဖန်းချောင်း၊ထန်းလယ်ချောင်း တို့ဆုံပြီး ချောင်းပေါင်စုံသည့် ကန်ပတ်လည်အုပ်စု၊ လဲဂွကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ စိုက်ခင်းများနှင့် မကျီးတိုင်းအုပ်စု ကုန်းတဲကျေးရွာစိုက်ခင်းများရေကြီးရေလျှံကာ စိုက်ခင်းများပျက်စီးကုန်ကြောင်း သိရသည်။
“မိုးကတစ်ညလုံးနီးပါးရွာတာ ချောင်းက ကျွန်တော်တို့ရွာနားရောက်တော့ တစ်ဖာ လုံကျော်လောက်ကျယ်တယ်၊ ချောင်းလုံးပြည့်ရေလာတာ လက်ပံပင်ကြီးတွေ၊ သရက်ပင် ကြီးတွေ၊ ညောင်ပင်တွေ ချောင်းစပ်ကအပင်တွေကျွတ်ပါသည်အထိချောင်းရေများခဲ့ ကာ ချောင်းစပ်ကုန်းပေါ် စိုက်ခင်းတွေရေလွှမ်းပြီး သဲနှုန်းဖို့သလိုဖြစ်တာတွေ၊ လယ်တွေ ထဲကနေချောင်း ရေဖြတ်စီးဆင်းတော့ စိုက်ပျိုးပင်တွေကျွတ်ထွက်ကုန်တာတွေဖြစ်ကုန်ပြီး မိုးကောင်းသောက်စပါးစိုက်ခင်းဧက ၈၀လောက်နှင့်အခြားသီးနှံဖြစ်တဲ့ ငရုပ်စိုက်ခင်းတွေ၊ ပြောင်း၊ ခရမ်းချဉ်စိုက်ခင်း၊ ပဲစိုက်ခင်း၊ သခွားစိုက်ခင်တွေက ဧက ၇၀ လောက်ပျက်စီး ကုန်ကြောင်း၊ စက်တင်ဘာ ၂ ရက်နေ့ နံနက် ၃နာရီလောက်ထဲကချောင်းရေကျလာပြီး ရေကြီးရေလျှံဖြစ်တာ နံနက် ၈နာရီအထိ ချောင်းရေမကျသေးကြောင်း” လဲဂွကျေးရွာ စပါး စိုက်တောင်သူ ဦးကျော်ဇောအောင်က ရှင်းပြကြားခဲ့သည်။
မိုးကောင်းသောက်စပါးခင်းအများကြီး ပျက်စီးသွားခြင်းကြောင့် ပြန်လည်ထွန်ယက်စိုက်ပျိုးရန် မဖြစ်နိုင်တော့ကြောင်း၊ စပါးပျိုး ထောင်ချိန်၊ ပြန်လည်ထွန်ယက်ချိန် မမီနိုင်တော့ကြောင်း သိရသည်။
ကျောက်ပန်းတောင်း မြို့နယ်တွင် မိုးကောင်းသောက်စပါးစိုက်ပျိုးသူများ အထွက်နှုန်း ကောင်းမွန်ကြခြင်း ကြောင့်စိုက်ပျိုးမှုများပြီး စပါးရိတ်သိမ်းချိန်စပါးရကြကြောင်း ကြက်မောက်တောင်ချောင်း ရေကြီးရေလျှံမှုကြောင့် စိုက်ခင်း (၁၅၀)ဧကခန့် လုံးဝပျက်စီး သွားကြောင်း ရေကြီးရေလျှံ မှုနှင့်အတူသဲနှုန်းဖို့ခဲ့ခြင်းက လယ်ယာမြေပြန်ဖော်ဖို့ပင် တောင်သူများအတွက်အခက်အခဲ ပိုဖြစ်စေကြောင်း လဲဂွကျေးရွာ တောင်သူများက ရှင်းပြ၍ သိရသည်။
ကိုထိန်၊KPD