တိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနမှ ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများအတွက် book trolley (စာအုပ်စင်)များ ချထားပေး

ငါန်းဇွန်    ဩဂုတ်၁၄

မန္တလေးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများအတွက် ချထားပေးသော book trolley (စာအုပ်စင်) များ ငါန်းဇွန်မြို့နယ် ပညာရေးမှူးရုံးသို့ ယမန်နေ့နံနက် ၁၁ နာရီအချိန်ကရောက်ရှိပြီး တာဝန်ရှိသူများက စိစစ်လက်ခံရရယူခဲ့ကြောင်း သိရသည်။

အဆိုပါ book trolley (စာအုပ်စင်) များ စိစစ်လက်ခံရာတွင် မြို့နယ်စက်ပစ္စည်းနှင့် ပရိဘောဂဆိုင်ရာ အရည်အသွေးစိစစ်လက်ခံရေးအဖွဲ့ အဖွဲ့ဝင် ဦးဇော်ဝင်း (မြို့နယ်အုပ်ချုပ်ရေးမှူး) နှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများအတွက် ချထားပေးပို့သော book trolley (စာအုပ်စင်) (၃ ပေ x ၁၆ လက်မ x ၃ ပေ) (၇၆) ခုအား စိစစ်လက်ခံရယူခဲ့ကြောင်း သိရသည်။                                                     

သက်နောင်ဦး(ငါန်းဇွန်)