မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်ညွှန်ကြားချက်များအား ပြည်သူများသိရှိစေရန် အသိပေးကြေညာ

မာန်အောင်  သြဂုတ် ၃၁

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိနိုင်စေရန် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်း အသံချဲ့ဖြင့်လှည့်လည်ကြေညာပေးခဲ့သည်။

ထိုသို့ အသိပေးကြေညာရာ တွင် မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုများ ရှိနေပါသဖြင့် ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် မိဘပြည်သူများ အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ရေးဆိုင်ရာညွှန်ကြားချက်များနှင့် အညီ မိမိနေအိမ်၌သာ နေထိုင်ကြရန်၊မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာရပါက နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရန်၊စနစ်တကျ လက်ဆေးရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေထိုင်ကြရန်၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အနံ့ပျောက်ခြင်း၊ အားအင်ကုန်ခမ်းခြင်း စသည့် လက္ခဏာများဖြစ်ပွားလာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ အမြန်ဆုံးသွားရောက် ပြသကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ကြပါရန် အသိပေးကြေညာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)