ကွတ်ခိုင်မြို့၌ ဓာတ်ပုံပြပွဲ၊ နံရံကပ် စာစောင် ပြပွဲနှင့် နယ်လှည့် စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ကွတ်ခိုင် ဩဂုတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်()ရပ်ကွက်ရှိ သာသနာ့ရိပ်သာ၌ ဓာတ်ပုံပြပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် နယ်လှည့် စာကြည့်တိုက်လုပ်ငန်းများ သွားရောက်ကွင်းဆင်း ဆောင်ရွက်သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ကိုဗသ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလ လမ်းညွှန် ချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများကို လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါး ဆိုးကျိုးများကို ပညာပေး ဆွေးနွေးပြောကြားပြီး ကျောင်းသားကျောင်းသူများ အနေဖြင့် ပြင်ပအသိပညာဗဟုသုတ တိုးပွားလာစေရန် လိုအပ်ပြီး အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေရန်၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်လိုအပ်ကြောင်း ကျောင်းသား၊ ကျောင်းသူများကို ဆွေးနွေးဟောပြောသည်။

ယင်းနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးဒေါ်အေးမင်းစံက ကလေးအလုပ်သမား ပပျောက်ရေးအကြောင်းကို ဆွေး‌နွေး ဟောပြောသည်။

ဆက်လက်ပြီး တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်းများပေးအပ်လှူဒါန်းပြီး  မြို့နယ်လှုပ်ရှားမှု မှတ်တမ်း ဓာတ်ပုံများ၊ အနုပညာရှင်များ၏ ကိုဗစ်-၁၉ရောဂါအသိပညာပေး စကားသံများ စသည့် အသိပညာပေးစာစောင်များ ပြသခဲ့ပြီး  သုတ၊ ရသစာအုပ်၊ စာစောင်များနှင့် တိုင်းရင်းသား ပုံပြင်စာအုပ်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မိုင်းဘဉာဏ်(ပြန်/ဆက်)