နမ့်ခမ်း ဩဂုတ် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသနိုင်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းနိုင်ရေးကို ယနေ့နံနက်ပိုင်း (၉)နာရီအချိန် နမ့်ခမ်းမြို့ရှိ ကျားဖြူခန်းမနှင့် ပေါက်တင်မရပ် လူငယ်ခန်းမတို့၌ အသက် (၆၅)နှစ်အထက် သက်ကြီးရွယ်အို အဖိုးအဘွားများ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသနိုင်ရေးနှင့် ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းနိုင်ရေးအတွက် နမ့်ခမ်းခမ်းမြို့ရှိ ပြည်သူများမှ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံနိုင်ရန် ကာကွယ်ဆေး အလုံးရေ(၄၅၀) လူဦးရေ(၉၀၀)ဦးစာ ရောက်ရှိ လာပြီး မြို့နယ်ပြည်သူ့ဆေးရုံးအုပ် ဒေါက်တာစိုင်းလှတင် ဦးဆောင်သည့် ကျန်းမာရေး ဝန်ထမ်းများက ရောက်ရှိသည့် ကာကွယ်ဆေးအရေအတွက်နှင့် ထိုးနှံပေးနိုင်သည့် လူဦးရေပမာဏကို ယနေ့နံနက်(၉)နာရီအချိန်မှ ညနေ(၄)နာရီအချိန်အထိ အသက်(၆၅)နှစ် အထက်သက်ကြီးရွယ်အို အဖိုးအဘွားများ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ဒုတိယအကြိမ် ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေစွာ ထိုးနှံနိုင်ရေးကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းတို့က ပူးပေါင်းဆောင် ရွက်လျှက်ရှိကြောင်း သိရသည်။
ဘဦး(နမ့်ခမ်း)