နွားထိုးကြီး ဩဂုတ် ၁၄
နွားထိုးကြီးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာရုံးတွင် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့ ပူးပေါင်းဆောင်ရွက်မည့် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက် စီမံကိန်း (CFAVC) အား မိတ်ဆက်ခြင်းနှင့် ဒေသအတွင်း စားနပ်ရိက္ခာနှင့် အဟာရဖွံ့ဖြိုးတိုးတက်စေရန် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များအတွက် လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် မြို့နယ်အဆင့် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် ၁၃ ရက်၊ နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်.။
အဆိုပါဆွေးနွေးပွဲတွင် Dr-Munir (FAO-GAFSP) အဖွဲ့ခေါင်းဆောင်က ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်းဖိုးကွင်းဆက်စီမံကိန်း (CFAVC) တွင် FAO ဘက်မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်ထားနွယ်က စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ ဆောင်ရွက်မည့် ကျေးရွာများ၏အချက်အလက်များကို ရှင်းလင်းဆွေးခဲ့သည်။ FAO ဘက်မှ အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများထဲမှ တစ်ခုဖြစ်သော အာဟာရနှင့် ဆက်စပ်လုပ်ငန်းများနှင့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ကဏ္ဍပေါင်းစုံပါဝင်မှု၊ အရေးပါမှုကို တာဝန်ခံ ဒေါ်စုစုကြည်မှ ရှင်းလင်းဆွေးနွေးခဲ့သည်။ တက်ရောက်လာသူများနှင့် စီမံကိန်းအဖွဲ့ မှပံ့ပိုးကူ ညီသူများက အုပ်စုလိုက်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်း၊ စီမံကိန်းအဖွဲ့မှပံ့ပိုးကူညီသူများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
သန်းအောင်ဇော်