မိုင်းရှူးမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး

မိုင်းရှူး   ဩဂုတ်   ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(စတုတ္ထနေ့)ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီမှ ညနေ (၃:၀၀)နာရီအထိမိုင်းရှုးမြို့၊ ရပ်ကွက်(၁)၊ တရုတ်ဘုံ ခန်းမ၌ ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ယင်းသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများကအသက် (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့်ဦးစားပေးအဆင့်တွင် ပါဝင်သော ဆေးရုံ၊ ​ဆေးခန်းများမှ ကျန်းမာ​ရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများမှ ဝန်ထမ်းများ၊ ပုဂ္ဂလိက သယ်ယူပို့​ဆောင်​ရေးလုပ်ငန်းများမှ ဝန်ထမ်းများ၊ စူပါ မားကပ်များ/​စျေးများမှ ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းအားမြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအဖွဲ့၏ ကြီးကြပ်မှုဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့များမှ လိုအပ်သည်များ ကူညီဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။