ချင်းရွှေဟော်မြို့မှနေရပ်ပြန်ပြည်သူ(၁၇)ဉီးအားသက်ဆိုင်ရာဒေသများသို့ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်  ဩဂုတ်  ၁၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင် နှင့်ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျစီစဉ် လွှဲပြောင်း ပို့ဆောင်ပေး လျက်ရှိရာ ဩဂုတ်လ ၁၂ ရက်နေ့၊ညနေ(၆)နာရီအချိန် က(၁၃)ဉီး နှင့် ယနေ့မွန်းလွဲ(၂)နာရီခွဲအချိန်က(၄)ဉီး  စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၇)ဉီးတို့အား  ထပ်မံ လွှဲပြောင်း  ပို့ဆောင်ပေးခဲ့ သည်။

အဆိုပါ ထပ်မံ  လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ(၁၇)ဉီးမှာ  အမျိုးသား(၈)ဉီး၊  အမျိုးသမီး(၉)ဉီးတို့ ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်မှ(၂)ဉီး၊ ပဲခူးတိုင်းဒေသကြီး၊  ညောင်လေးပင်မြို့နယ်မှ(၁)ဉီး၊  ဧရာဝတီတိုင်းဒေသကြီး၊ ငပု တောမြို့နယ်မှ(၁)ဉီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှ(၄)ဉီး၊ တာမိုးညဲ မြို့နယ်မှ(၁)ဉီး၊ တန့်ယန်းမြို့နယ်မှ(၂)ဉီး၊  လောက် ကိုင်မြို့နယ်မှ(၂)ဉီး နှင့် ကွမ်းလုံမြို့နယ်မှ(၄)ဉီးတို့ ဖြစ်ကြောင်း သိရသည်။

ထိုသို့   ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေ:လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသ ကြီး/  ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား   စနစ်တကျစီစဉ် လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့  မှ ယနေ့အထိ အမျိုးသား (၈၀၁၅)ဉီးနှင့် အမျိုးသမီး(၆၄၁၀)ဉီး တို့ဖြစ်ပြီး   စုစုပေါင်း  နေရပ်ပြန်ပြည်သူ (၁၄၄၂၅)ဉီးတို့ကို လွှဲပြောင်းပို့ဆောင်ပေး ခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)