လှိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် သြဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က လှိုင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်​​ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ​ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲ ​ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်နီနီစိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စေ့စပ်ညှိနှိုင်း​ရေးနှင့်​ ပတ်သက်၍ (တိုင်ကြားသူနှင့် တိုင်ကြားခံရသူ)၊​ ကြားညှိနှိုင်း​ဆွေး​နွေးမှုများ ပြုလုပ်ရန်၊ ဆုံး​ဖြတ်​ပေးရန် မဟုတ်​ကြောင်း စသဖြင့် ရှင်းလင်းပြော​ကြားခဲ့သည်။ ဆက်လက် ၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းက မြို့နယ်အတွင်းမဲရုံ ထားရှိရန် နေရာများ၊ ရပ်ကွက် များ၏ လိုအပ်ချက်များအား ​ရပ်ကွက်အုပ်ချုပ်​ရေးမှူးများနှင့် ဆွေး​နွေးညှိနှိုင်း​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း၊ မြို့နယ်ရွေး ကောက်ပွဲ အရာရှိ ဦးဇော်မျိုးဦးမှ မဲစာရင်းမှားယွင်းမှုများ၊ ရပ်ကွက်အလိုက် စိစစ် စစ်ဆေးမှုများ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်၊ မဲစာရင်းကျန်ရှိမှု မရှိစေရေးအတွက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါ ရန်ပြောကြားခဲ့သည်။

ထို့​နောက် တက်ရောက်လာသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများက ဝိုင်းဝန်း ဆွေးနွေး ပြောကြားခဲ့ကြပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်နီနီစိုးက နိဂုံးချုပ်အမှာစကားများ ပြောကြား၍ အခမ်းအနားကို နေ့လယ် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိသည်။

ကြည်ဇေသော်(ပြန်/ဆက်)