လှည်းကူးမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတာဝန်များ ကြိုတင်စီမံဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး

လှည်းကူး      သြဂုတ် ၁၃

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတာဝန်များ ကြိုတင်စီမံ ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ်(၁၂)ရက် နံနက်(၁၀) နာရီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်မြတ်ထွေးက ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားရာတွင် “ ရွေးကောက်ပွဲကာလအတွင်း ဝန်ထမ်းများအပြောင်း အရွေ့ဖြစ်ပေါ်လာပါက မိမိမြို့နယ် တွင် မဲပေးချင်သူများအနေဖြင့် သက်ဆိုင်ရာရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ လျှောက်ထား စေရန်၊ မိမိ အမည်မဲစာရင်းတွင် မပါဝင်ပါက မဲစာရင်းတွင် အမည် ထည့်သွင်းပေးရန် တောင်းဆိုလွှာ ပုံစံ(၃)ဖြင့် လည်း ကောင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ကန့်ကွက်လွှာ ပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းပါ အချက် အလက်များ မှားယွင်းနေပါက ပြင်ဆင်လွှာ ပုံစံ (၄-ဂ)ဖြင့်လည်းကောင်း တင်သွင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး မဲစာရင်း တွင် မိမိအမည်ပါရှိမှသာ မဲပေးခွင့်ရရှိ နိုင်မည်ဖြစ်သဖြင့် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင် စာရင်းကို ရရှိရန်အတွက် ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များက သေချာစိစစ်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ တင်ပြနိုင် ကြောင်း ” စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများတာဝန်ရှိများမှ သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်မြတ်ထွေးက ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့သည်။

နိုင်လင်း(လှည်းကူး)