မိုးမိတ်မြို့နယ်၌ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်ကြစို့ နိုင်ငံသားတိုင်းကိုင်ဆောင်လက် မှတ်တစ်မျိုးမျိုးရရှိစေရေး ပန်းခင်းစီမံချက် ဆိုင်းဘုတ်စိုက်ထူ

 

မိုးမိတ်     ဩဂုတ် ၂၉

လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်ကြစို့ နိုင်ငံသားတိုင်း ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး ရရှိစေရေးအတွက် ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေး ပိုစတာစိုက်ထူ သည့်အခမ်းအနားကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူအင်အားဆိုင်ရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးအောင် ကြီးကြပ်၍ မိုးမိတ်မြို့ နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့်ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စည်ပင် သာယာအဝိုင်းထိပ်တွင် ပိုစတာဆိုင်းဘုတ်ကို စိုက်ထူခဲ့ ကြောင်းသိရသည်။ 

ထို့သို့ စိုက်ထူရာတွင် မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားအသက် ၁၆ နှစ်ပြည့်ပြီးသူနိုင်ငံသား တိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေးအတွက် ရည်ရွယ်၍ စိုက်ထူရ ခြင်းဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို  နေ့ချင်းပြီး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ  နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိ သေးသောသူများသည်လည်း မြို့နယ်လူဝင် မှုကြီးကြပ်ရေး နှင့်ပြည်သူအင်အားဆိုင်ရာ ဦးစီးဌာနရုံး၊ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နှင့်ဆက်သွယ်၍ လာရောက်ဆောင် ရွက်နိုင်ပါကြောင်း နှင့်အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

မိုးမိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူအင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ရုံးမှ ပန်းခင်းစီမံ ချက်ဖြင့် မေလ ၃ ရက်စတင်ကာ အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးနေလင်းအေး ထံမှသိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော် ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ နေဝင်းလှိုင် ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူအင်အားဆိုင်ရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးအောင်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အား ဆိုင်ရာဦးစီး ဌာ မှ ဝန်ထမ်းမျာ က တက်ရောက်ခဲ့ကြကြောင်း သိရသည်။

         

မိုးမိတ်သား