လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်း ကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ်  ၁၃

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၁နာရီက စာရေး ဆရာကျော်ဝင်း ရေးသားသော “နှစ်ဆယ့် တစ်ရာစု သားရွှေဥ”  စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာထောက်−၃ ဒေါ်ဝေလွင်လွင်ကျော်က စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီးနောက် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဒေါ်ဖြိုးဖြိုးခိုင်က “နှစ်ဆယ့်တစ်ရာစု သားရွှေဥ”စာအုပ်ပါ နားလည်မှုရှိ ခေါင်းစဉ်ဖြင့် ပထမဆုံး သူများကို နားလည်အောင်ကြိုးစားပါ ၊ ကိုယ့်ကိုလည်းသူများ နားလည်နိုင်ပါစေ၊ အရင်ဆုံး နားထောင်ပြီးမှ ပြောစရာရှိတာပြောပါ အစ ရှိသည့် အကြောင်းအရာများကို ဦးဆောင် ဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် စာဖတ်ဝိုင်းဆွေးနွေးသူများက စာအုပ်ပါ အကြောင်းအရာ များ၏ ဖတ်ရှု လေ့လာမှု များမှ ဖြစ်ပေါ်လာသောအတွေးအမြင်များ မိမိတို့၏ သဘောထား အမြင်များအား အသီးသီး ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)