ဆီဆိုင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေး

ဆီဆိုင်           သြဂုတ်         ၂၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများသို့ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်းက နားသံကျေးရွာ အုပ်စုအတွင်းရှိ ပြည်သူများသို့ ကွင်းဆင်းဆောင်ရွက်ပေးသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ ဆီဆိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ဆန်းဝင်း ဦးဆောင်သည့်ဝန်ထမ်းများက နားသံကျေးရွာအုပ်စု အတွင်းရှိ ရွာသူရွာသားများအား ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခြင်း၊ မှတ်ပုံတင် မရှိသူများကို မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း၊ ပျက်စီး/ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် အိမ်ထောင်စုဆိုင်ရာ မွေးဖွား၊ သေဆုံး အိမ်ထောင်စုလူဦးရေစာရင်း မိတ္တူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်များအညီ သွားရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)