ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဒဂုံဆိပ်ကမ်း  သြဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မြို့နယ်ပြည်သူ့ ဆေးရုံတွင် ယမန်နေ့ နံနက်(၈:၀၀)နာရီ၊ နေ့လည်(၁၁:၀၀)နာရီအထိ ဆေးရုံအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုအခါ မိုးတွင်းကာလဖြစ်သဖြင့် ခြင်များပေါက်ဖွားမှုလျော့နည်းစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါ စုပေါင်းသန့်ရှင်းရေး‌ ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ အဖွဲ့၀င်(၁) ဗိုလ်မှူးနေ၀င်းအောင်တို့မှ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အထောက်အကူပြုအဖွဲ့ဝင်များ ပူးပေါင်း၍ ဆေးရုံဝင်းအတွင်း အမှိုက်များရှင်းလင်းခြင်း၊  ခြုံနွယ်ပိတ်‌ပေါင်းများရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။   စုပေါင်းသန့်ရှင်းရေးကို မြို့နယ်စည်ပင်ဦးစီးဌာနမှ အင်အား(၄၀)ဦး၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၀င်အင်အား(၂၅)ဦး၊ မီးသတ်တပ်ဖွဲ့၀င်အင်အား(၂၀)ဦးဖြင့်စုပေါင်းဆောင်ရွက်ခဲ့ ကြောင်းသတင်းရရှိပါသည်။

လဲ့လဲ့(ပြန်/ဆက်)