မအီ ဩဂုတ် ၂၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ ၊ မအီတောရကျောင်း၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဝနဝါသီ အရှင်ဝါယာမိန္ဒ(မြောက်ဦးဆရာတော်)၏ ၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း(၁)ရက်၊(၆-၉-၂၀၂၁)ရက်နေ့တွင် ကျရောက်မည့် သက်တော်(၆၂)နှစ်ပြည့် ဝိဇာတ မွေးနေ့ ပူဇော်ပွဲကို မအီတောရကျောင်းဝင်းအတွင်း၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြောက်ဦးဆရာတော်၏ သက်တော်(၆၂)နှစ်ပြည့် ဝိဇာတ မွေးနေ့ပူဇော်ပွဲ တွင် ဉာဏ်တော်ပေ(၉၀)ရှိဆုတောင်းပြည့် အဓိဋ္ဌာန်အောင်လျောင်းတော်မူဘုရားကြီး၊ အသံမစဲ(၃)ရက် ပဋ္ဌာန်း ပူဇော်ပွဲနှင့် သံဃာတော်အပါး(၂၀၀)ခန့်ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင် ပူဇော်ပွဲ တို့ကိုထည့်သွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ၅-၉-၂၀၂၁ ရက်(ဝါခေါင်လကွယ်နေ့)တွင်လည်း စတုဒီတာ နိဗ္ဗာန်ဈေး အလှူတော်ကို ကျင်းပမည်ဖြစ်သည်။
ထို့ပြင် စေတနာရှင်၊ အလှူရှင်များ အနေဖြင့် မြောက်ဦးဆရာတော်၏ သက်တော် (၆၂)နှစ်ပြည့် ဝိဇာတ မွေးနေ့ ပူဇော်ပွဲတွင် လျောင်းတော်မူဘုရားကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင် ပူဇော်ပွဲ အတွက် သံဃာတော်အရှင်သူမြတ် အပါး(၂၀၀)ခန့် ဖြင့် ကျင်းပမည်ဖြစ်၍ တစ်ပါးလျှင် ပစ္စည်း လေးပါးအတွက် နဝကမ္မ ငွေကျပ် ၁ သိန်း စီဖြင့် သံဃိကအလှူကို မဘေဘေး[ဖုန်း-၀၉၇၆၅၁၄၉၁၅၃]၊ ဒေါ်စမ်းစမ်း[+(၆၅၂)၂၃၃-၅၅၃၄ ]သို့ ဆက်သွယ်၍ လှူဒါန်းပူဇော်နိုင်ပါကြောင်း သိရသည်။
မင်းသိန်းထွန်း