တံတားဦး ဩဂုတ် ၂၅
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ဝယ်ယူနိုင်ရေးအတွက် အလှူရှင်များမှ မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ဝယ်ယူနိုင်ရေး ကော်မတီအသီးသီးထံသို့ လာရောက်လှူဒါန်းကြကြောင်း သိရသည်။
မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ဝယ်ယူနိုင်ရေးအတွက် တံတားဦးမြို့နယ် ဟံသာဝတီ ကျေးရွာ ဦးညီထွေးဇနီးဒေါ်အေးစု မိသားစုမှ အလှူငွေကျပ်(၁၅)သိန်း ၊ တံတားဦးမြို့ တပယ် ကျေးရွာသူ/သားများမှ အလှူငွေကျပ်(၁၂)သိန်း(၁)သောင်း၊ တံတားဦးမြို့ ကွက်သစ်ရပ် ဦးအောင်ကိုဝင်းဇနီးဒေါ်လွင်လွင်အောင် မိသားစုမှ (၅)သိန်ကျပ်၊ ခင်လူးလေးကျေးရွာ ဦးစန်းမင်းဇနီး ဒေါ်သန်းသန်းအေး မိသားစုမှ အလှူငွေကျပ်(၂)သိန်း၊ အိမ်သစ်တန်းရပ် မသီနှင့်အစ်မ (ဇီဝ-ဆေးဆိုင်)မှ အလှူငွေ(၁)သိန်း(၅)သောင်း တံတားဦးမြို့ ပန်းယျကျေးရွာ ဦးဝေလင်းဇနီးဒေါ်ခင်ဇာနီဝင်း၊ ဘလဲ့ဘကျေးရွာ ဦးမောင်စန်းဇနီဒေါ်မြင့်မြင့်ကြည်၊ ဘလဲ့ဘ ကျေးရွာ ဦးတိုးတိုး မိသားစု ၊ စကားအင်းကျေးရွာ ဦးမောင်ရမ်းဇနီးဒေါ်ခင်လေးငယ်၊ စကားအင်းကျေးရွာ ဦးတင်မြိုင်ဇနီးဒေါ်စိနိစိန် ရေလည်ကွေ့ရပ် ဦးသီဟဇနီးဒေါ်ပုလဲ ၊ နကျော်ဒရပ် ဦးမြင့်နိုင်ဇနီးဒေါ်ညွန့်ညွန့်ဝင်း(မွန်နိုင်း-ဖုန်းဆိုင်) တစီးရှင်ရပ် ဦးလှဆောင် ဇနီးဒေါ်ခင်အောင်၊ တစီးရှင်ရပ် ဦးသီဟ(မျိုးဝင်းနှင့်ညီများ-ကားဝါယာရိန်း)နှင့် အိမ်သစ်တန်းရပ် ဦးတင်အောင်ဇနီးဒေါ်ကြင်စိန် မိသားစုတို့မှ အလှူငွေကျပ်(၁) သိန်းစီကို လည်းကောင်း အသီးသီးလာရောက် လှူဒါန်းကြရာ ကော်မတီများမှအသီးသီးလက်ခံရယူကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ကြသည် ။
တံတားဦးမြို့နယ်လုံးဆိုင်ရာ အလှူရှင်များမှ လှူဒါန်းသည့် အများပြည်သူပိုင် အောက်ဆီဂျင်စက်ဝယ်ယူရေးနှင့် စက်ရုံတည်ဆောက်နိုင်ရေးအတွက် အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများအား အထူးကျေးဇူးတင်ရှိကြောင်း အောက်ဆီဂျင်စက်ဝယ်ရေးနှင့် စက်ရုံ ဖြစ်မြောက်ရေးအတွက် ကျန်ရှိသည့် အလှူရှင်များမှ မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင် စက်ဝယ်ရေးနှင့် စက်ရုံဖြစ်မြောက်ရေးကော်မတီများထံသို့ အလှူငွေများ လာရောက်လှူဒါန်း နိုင်ကြကြောင်း သိရသည်။
ရဲတင့်(တံတားဦး)