ကျောက်ဆည်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေ များ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်

ကျောက်ဆည် ဩဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၁၄၉)ဦးအား နိုင်ငံတော်မှတစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်း ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ကလိုင်ကျော်ကျေးရွာ၊ စင်းကွန်းကျေးရွာ၊ ပတ္တာကျေးရွာနှင့် ဆူလေကုန်းကျေးရွာများမှ သက်ကြီးဘိုးဘွားများ အား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများကို နိုင်ငံတော်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊  ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ၊ ဒုတိယ သုံးလပတ်အတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားတစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်း ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ပြီး ကျောက်ဆည်မြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု(၉၇)အုပ်စုမှအသက် (၈၅)နှစ် အထက် သက်ကြီးဘိုးဘွား(၁၁၄၉)ဦးအား စုစုပေါင်း ထောက်ပံ့ငွေကျပ် (၃၄၄)သိန်း ခုနှစ်သောင်းကို ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် အသက်(၈၅)နှစ် အထက်သက်ကြီးဘိုးဘွားများအား ကလိုင်ကျော်ကျေးရွာမှ သက်ကြီးဘိုးဘွား(၁၈)ဦး၊ စင်းကွင်းကျေးရွာမှ သက်ကြီးဘိုးဘွား (၂၅)ဦး၊ ပတ္တာကျေးရွာမှ သက်ကြီးဘိုးဘွား (၂၇)ဦးနှင့် ဆူးလေကုန်းကျေးရွာမှ သက်ကြီးဘိုးဘွား(၃၃)ဦးအား စုစုပေါင်းထောက်ပံ့ငွေကျပ်(၃၀၉၀၀၀၀)ကို ကလိုင်ကျော်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးသိန်းမြင့်၊ စင်းကွန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်လင်း၊ ပတ္တာကျေးရွာ အုပ်ချုပ်ရေးမှူးမောင်တိုး၊ ဆူးလေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးမင်းထွန်းဦးနှင့် စာရေးဝန်ထမ်းများမှ ဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

တင်တင်ထွေး