မိုင်းရယ် ဩဂုတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေး အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ဟိုယ၊နားလီကျေးရွာများသို့ လှည့်လည်၍ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပါသည်။
ထိုသို့ဆောင်ရွက်ရာ၌ မိုင်းရယ်မြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ တတ်နိုင်သမျှ မိမိအိမ်တွင်နေထိုင်ကြရန်၊ မဖြစ်မနေအပြင်ထွက်ရန် လိုအပ်ပါက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ နှာခေါင်းစည်း တပ်ဆင် အသုံးပြုခြင်းမရှိသူနှင့် တွေ့ဆုံစကားပြောခြင်း၊ ဈေးဝယ်ခြင်းတို့မှ ရှောင်ကျဉ်ရန်၊ လူစုလူဝေး နေရာများသို့သွားလာခြင်းများမှရှောင်ကျဉ်ရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ Stay at Home မြို့နယ်များမှ လာရောက်သူများအား မိမိတို့နေအိမ်တွင် တည်းခိုခြင်းများ မပြုလုပ်ကြရန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များသို့ ဆက်သွယ်အကြောင်းကြားရန်နှင့် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ မဖြစ်မနေထိုးနှံကြရန်စသည့် ကျန်မာရေးညွှန်ကြားချက်များကို မိုင်းရယ်မြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ လှည့်လည်၍ မြန်မာဘာဘာ၊ ရှမ်းဘာသာများဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရှိရသည်။