ဟိုပင်၌ နှာခေါင်းစည်း  MASK များ တပ်ဆင်ရေး အသိပညာပေး

ဟိုပင် သြဂုတ်၂၄ 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ ကိုရိုနာဗိုင်းရပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားနှုန်း များပြားနေခြင်းကြောင့် ယနေ့ မွန်းလွဲ ၁ နာရီက ကိုရိုနာဗိုင်းရပ်ရောဂါ  ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း MASK များ တပ်ဆင်စေရေးနှင့် အသိပညာပေးခြင်းလုပ်ငန်းကို သံလမ်းကူး-လမ်းဆုံနေရာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြန့်ဝေခြင်းလုပ်ငန်းကို မြို့အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးဝေလင်းအောင်နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ ဦးသိန်းကျော်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်တို့က ပြည်သူများအနေဖြင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာရန်ရှိပါက နှာခေါင်းစည်း MASK များ တပ်ဆင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန် အသိပညာပေး ပြောကြားကာ နှာခေါင်းစည်း  MASK အခု ၃၀၀ ကို အခမဲ့ ဝေငှပြီး ကျေးရွာများနှင့် ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံ အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရှိရသည်။

တိုးတိုးမေ