မုံးကိုးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ပြည်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များအား အသိပေးနှိုးဆော်

မုံးကိုး  ဩဂုတ်၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့အတွင်းကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများက  လိုက်နာဆောင်ရွက်ရမည့် စည်းကမ်း ချက်များကို လှည့်လည် အသိပညာပေးနှိုးဆော်ခြင်းအား ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် မူဆယ်ခရိုင်၊ မုံးကိုးမြို့အတွင်း ၂၀၂၁ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့မှ စတင်ပြီး ကိုဗစ်ရောဂါပိုးတွေ့လူနာများ ဆေးရုံတက်ရောက် ကုသခြင်း၊ သေဆုံးခြင်းများရှိလာသဖြင့် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်မှု မဖြစ်ပေါစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ နေအိမ်ပြင်ပသို့ ထွက်ခွါလျှင် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊  တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေခြင်း၊ အိမ်သို့ပြန်ရောက်တိုင်း လက်ကိုစနစ်တကျဆေးခြင်းတို့ကို ဆောင်ရွက်ကြရန်၊  ထို့ပြင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲ့ခြင်းနှင့် အားအင်ကုန်ခမ်းခြင်း စသည့် လက္ခဏာများ ဖြစ်ပွားလာပါက ကျန်းမာရေးဌာနသို့ အမြန်ဆုံး လာရောက်ဆက်သွယ်ပြသကြရန်လိုအပ်ကြောင်း အသံချဲ့စက်ဖြင့် မြို့ပေါ် ရပ်ကွက်များနှင့် စည်ပင်သာယာဈေး၊ လမ်းဆုံလမ်းခွများတွင်ဆော်ဪခြင်းကို ဆောင်ရွက်သည်။

အဆိုပါ အသံချဲ့စက်နှင့် ဆော်ဪရေးကို မုံးကိုးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့အတွင်းလှည့်လည်ဆော်အောကြောင်း သိရှိရသည်။

 

သန်းဇော်ဦး(မုံးကိုး)