အမ်းမြို့နယ်တွင် အငြိမ်းစား၀န်ထမ်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

အမ်း ဩဂုတ် ၂၄

ရခိုင်ပြည်နယ်၊  အမ်းမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာများကို ထုတ်ပေးလျက်ရှိသည်။

အမ်းမြို့နယ်ရှိ မြန်မာ့ စီးပွားရေးဘဏ်တွင်  သြဂုတ် ၂၃ ရက်နေ့မှ အငြိမ်းစာဝန်ထမ်း ပင်စင်ထုတ်ယူသူ (၃၀၀)ဦး လာရောက်ထုတ်ယူလျက်ရှိပြီး ဆက်လက်၍လည်း သြဂုတ်လ (၃၀)ရက်နေ့အထိ အငြိမ်းစာဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ထုတ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။

ထိုသို့ပင်စင်လစာများ ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်၊ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

စိုးမင်းထွန်း