ညောင်ဦး ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကုတင် ၂၀၀ဆံ့ပြည်သူ့ဆေးရုံ အောက်စီဂျင် အထောက်အကူပြုအဖွဲ့က ညောင်ဦးမြို့ အခြေခူလူတန်းစားများအတွက် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခက်အခဲဖြစ်နေသော အိမ်ထောင်စု ၂၀၀၀ ကျော်အဆင်ပြေစေရန်အတွက် ဩဂုတ် ၂၂ရက်နေ့ နံနက် ၉ နာရီအချိန်မှ စတင်ပြီး ရပ်ကွက်များအတွင်း မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များ ပေးဝေခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဖိုချောင်သုံး ဟင်းချက်စရာများ ဝေငှရာတွင် ဂေါ်ဖီထုပ်တစ်ထုပ်၊ ပန်းဂေါ်ဖီ တစ်နှစ်ပွင့်ဆီ၊ ကြက်သွန် ၅၀ ကျပ်သား၊ ခရမ်းချဉ်သီး ၅၀ ကျပ်သား၊ အားလူး ၅၀ ကျပ်သား စီအား အမှတ်(၇)ရပ်ကွက်၊ ဝက်ကြီးအင်းရပ်ကွက်နှင့်မြင်းကပါကျေးရွာများရှိ အိမ်ထောင် စု၂၀၀၀စုအား မီးဖိုချောင်သုံး ဟင်းချက်စရာ ဟင်းသီးဟင်းရွက်များ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း၊ အဆိုပါ ဟင်းသီးဟင်းရွက်များအား ရှမ်းပြည်နယ်၊ အောင်ပန်းမြို့သို့ ဩဂုတ်လ ၂၁ ရက်နေ့က ဆယ်ဘီးကားတစ်စီးဖြင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံးကြီး အောက်စီဂျင် အထောက်အကူပြု အဖွဲ့က ဦးဆောင်ကာ သွားရောက်ဝယ်ယူခဲ့ပြီး ညောင်ဦးမြို့၊ အခြေခံအိမ်ထောင်စု ၂၀၀၀ အား ဩဂုတ် ၂၂ရက် နံနက် ၉ နာရီချိန်မှ စတင်ဖြန့်ဝေခဲ့ရာ ညနေ ၄ နာရီခွဲအချိန်တွင် ဖြန့်ဝေပြီးစီး ခဲ့ကြောင်း ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီး အောက်စီဂျင်အထောက်အကူ ပြုအဖွဲ့ထံက သိရကာ နောက်ထပ် ဖြန့်ဝေပေးဖို့အစီအစဉ် ရှိကြောင်းလည်း သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း