မိုးနဲမြို့ လွိုင်ခွင်ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော် ၊ဆီ နှင့် ကုလားပဲများလှူဒါန်း

မိုးနဲ   ဩဂုတ်   ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မိုးနဲမြို့နယ် မိုက်ဟိုင်းကျေးရွာအုပ်စုရှိ လွိုင်ခွင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ လင်းခေးခရိုင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆွမ်းကိစ္စအဆင်ပြေစေရေး အတွက် ဆွမ်းဆန်တော် ၊ဆီ နှင့်ကုလားပဲများ ယနေ့နံနက် ၁၁ နာရီ အချိန်က မိုးနဲမြို့ စိန်တောင်ဘုန်းတော်ကြီးကျောင်းတွင် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် လင်းခေးခရိုင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း နှင့်အဖွဲ့ဝင်များက မိုးနဲမြို့နယ် သာသနာရေး ဦးစီးဌာနမှူး ဦးပြည့်ဖြိုးကျော် နှင့်အတူ စိန်တောင်ဘုန်းတော်ကြီးကျောင်းတွင် ဆွမ်းဆန်တော် (၅) အိတ် ၊ ဆီ ၁၀ ပိဿာ နှင့် ကုလားပဲ ၁၄ ပိဿာတို့ကို ဆက်ကပ်လှူဒါန်းရာ လွိုင်ခွင်ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ကိုယ်စား စိန်တောင်ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တသုန္ဒရက လက်ခံခဲ့ကြောင်း မြို့နယ်သာသနာရေး ဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ