ဟိုပန် ဩဂုတ် ၂၀
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကူးစက်မှုဖြစ်ပွားလျက်ရှိသော ဈေးရပ်ကွက်ရှိ ပြည်သူများ အား RDT Test Kit ဖြင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့ နံနက် (၉:၃၀)နာရီအချိန်မှစ၍ မြို့မဈေး အတွင်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ယူ စစ်ဆေးပေးလျက်ရှိသည်။
RDT Test Kit ဖြင့်စစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးရဲဝင်းထိုက်နှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌဦးညီနပ်နှင့် အဖွဲ့ဝင်များက ကြည့်ရှု့အားပေးခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းတွင် ဟိုပန်မြို့နယ် အနာဂတ်အလင်းတန်း ပရဟိတအဖွဲ့မှလည်း RDT Test Kit ၃၀၀ ခု၊ Hen gel ၃ ဘူး၊ လက်အိတ် ၁၀ ဘူး၊Hand Spray (4)ဘူး၊ Mask(၂၀)ဘူး၊ အားဖြည့်အချိုရည်(၁)ဖာ၊ သောက်ရေသန့် ၁၀ ကဒ်တို့ကို လာရောက် ပူးပေါင်းပါဝင်လှူဒါန်းခဲ့ပါသည်။
ယနေ့ဈေးရပ်ကွက်တွင် RDT Test Kit ဖြင့် (၁၈၈)ဦးအား စစ်ဆေးပေးနိုင်ခဲ့ပြီး Positiveလူနာ(၂၀)ဦးတွေ့ရှိကာ မြို့နယ်အားကစားကွင်း Quarantine Center တွင် ထားရှိဆေးကုသပေးလျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)