သုံးခွမြို့နယ်၌ တစ်နေ့လျှင် အောက်ဆီဂျင်၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး အလုံး၁၂၀ဖြည့်တင်းနိုင်မည့် အောက်ဆီဂျင်ထုတ်စက်ရောက်ရှိ

သုံးခွ  ဩဂုတ်  ၁၉

ရန်ကုန်တိုင်း‌ဒေသကြီး၊‌ တောက်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် လတ်တလောကိုဗစ်-၁၉‌ ရော ဂါတတိယလှိုင်း၌ ကိုဗစ်လူနာများနှင့်‌ အောက်ဆီဂျင်အသုံးပြု‌ နေရ‌သူများ၊ အောက်ဆီဂျင်လိုအပ်မှုအား အခက်အခဲမရှိလွယ်ကူအဆင်‌ပြေစွာ ရရှိအသုံးပြုနိုင်ရန် အတွက ်တရုတ်ပြည်သူ့သမ္မတနိုင်ငံမှမှာယူခဲ့‌သောအောက်ဆီဂျင် ထုတ်စက်သည် ရန်ကုန်ဆိပ်ကမ်းမှ တစ်ဆင့် သယ်‌‌ဆောင်လာပြီး ဘိုးဘွားရိပ်သာသို့‌ ယမန်နေ့နံနက်‌၉နာရီကရာက်ရှိကြောင်း သိရသည်။

တစ်နေ့လျှင်အောက်ဆီဂျင်လီတာ၄၀ဆံ့အိုးအလုံး၁၂၀ဖြည့်တင်းထုတ်လုပ်‌ပေးနိုင်သော စက်ရုံအားသုံးခွ-သန်လျင်ကားလမ်း မ‌ဘေး၊ သိုက်တူးကန်‌ကျေးရွာ (ရဲနွဲ့တာ အနီး) ၄ဒသမ၉၄ဧကရှိ ဘိုးဘွားရိပ်သာ၀င်း အတွင်း၌တည်‌ဆောက်ထားခြင်း ဖြစ်ပြီး အလှူရှင်များဖြစ်သော ဦးအုန်းဆိုင် မိသားစုNew Golden Gate(1991) Co.,Ltd. ခေတ်သစ်ပွဲရုံ၊ဘုရင့်‌ နောင်၊ရန်ကုန်မြို့နှင့် ဦးကျော်၀င်းBright Light Group Co., Ltd. ၊ကြက်တံဆိပ်ပဲမျိုးစုံ ရောင်းဝယ်‌ ရေးမိသားစုတို့က ကျပ်သိန်းကိုးရာ‌ ကျော်တန်ဖိုးရှိအောက်ဆီဂျင်ထုတ်စက်  အားလှူဒါန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါစက်ရုံထားရှိမည့်အဆောက်အဦမှာ ငွေကျပ်သိန်း၃၅၀ ခန့်တန်ဖိုးရှိ အလျား‌ ၆၀ ပေ၊အနံ၂၅‌ ပေ ၊ အမြင့် ၁၇ ပေရှိ(Steel Structure) တစ်ထပ်တိုက်အဆောက်အဦးဖြစ်ပြီး အလှူရှင် ဦးဆာသရား - ဒေါ်လာလီသာ မိသားစု၊ ရတနာတောင် ၊ ကုမ္ပဏီလီမိတက်၊ စော်ဘွားကြီးကုန်း ၊အင်းစိန်၊ ရန်ကုန်မြို့ကဆောက်လုပ် လှူဒါန်း ခဲ့‌ကြောင်းသိရသည်။

ယခုလက်ရှိတွင်လျှပ်စစ်မီးသွယ်တန်းမှုလုပ်ငန်းမပြီး‌သေး သဖြင့်အင်ဂျင်မီးစက် ဖြင့် အောက်ဆီဂျင်ထုတ်လုပ်ပေးနိုင်ရန် ကျပ်သိန်း၃၄၀ တန်ဖိုးရှိ Power Max 150 KVA မီးစက်အမျိုးအစားအားဦးအောင်သန်း၊ ဒေါ်လှရီ၊ မိသားစုသင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့၊ ကလှူဒါန်းခဲ့ပြီး အောက်ဆီဂျင်ထုတ် စက်အားကျွမ်းကျင် ပညာရှင် များက  စနစ်တကျတပ် ဆင်ကာ စမ်းသပ်လည်ပတ်၍ မကြာမီအောက်ဆီဂျင် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်‌တော့မည်ဖြစ်ပြီး၊ သုံးခွမြို့နယ်အတွက် သာမက အခြားမြို့နယ်များမှ အောက်ဆီဂျင်လိုအပ်သူများအတွက်လည်း အောက်ဆီဂျင်ဖြန့်‌ဝေပေးနိုင်‌တော့ မည်ဖြစ်‌ကြောင်း ဘိုးဘွားရိပ်သာ တည်ဆောက်ရေး အဖွဲ့ထံမှ သိရသည်။

မြို့နယ် ပြန်/ဆက်