ကျောက်ဆည် ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက် မြို့တော်ခန်းမတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ဇူလှိုင်(၃၁)ရက်နေ့မှစတင်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးလျှက်ရှိရာ ဩဂုတ်(၁၉)ရက်နေ့အထိ (၈၇၂၆)ဦး ကာကွယ် ဆေးများ ထိုးပေးပြီးဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရဲဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်ပူးပေါင်း၍ အဖွဲ့(၃)ဖွဲ့ ခွဲကာ ဆောင်ရွက်လျှက်ရှိပြီး အသက်(၆၅)နှစ်အထက်(၂၃၃၈)ဦး၊ သံဃာတော်၊ သီလရှင် (၇၁၁)ပါး၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း(၁၈၃)ဦး၊ လူမှုရေးအသင်းအဖွဲ့ဝင်နှင့်မိသားစု(၃၁၂)ဦး၊ အဘိုး အဘွား (၇)ဦး၊ နိုင်ငံ့ဝန်ထမ်းနှင့်မိသားစုဝင်(၁၄၈၉)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၉၆)ဦး၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်း (၆၁၆)ဦး၊ ဟိုတယ်၊မိုတယ်၊တည်ခိုခန်းလုပ်ကိုင်သူ(၁၈၃)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ကိုင်သူ(၈၇၃)ဦး၊ Super Market ၊ ဈေး လုပ်ကိုင်သူ(၁၉၁၈)ဦး၊ စုစုပေါင်း(၈၇၂၆)ဦး ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ယနေ့နံနက်(၉)နာရီအချိန်ထိ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ အမျိုးသား (၃၄၃)ဦး၊ အမျိုးသမီး(၂၆၁)ဦး၊ စုစုပေါင်း (၆၀၄)ဦး၊ ကျန်းမာရေးပြန်လည်ကောင်းမွန်သူ အမျိုးသား (၂၈၇)ဦး၊ အမျိုးသမီး(၁၉၇)ဦး၊ သေဆုံသူ အမျိုးသား(၄၅)ဦး၊ အမျိုးသမီး(၄၃)ဦး၊ စုစုပေါင်း(၈၈)ဦးနှင့် ဆေးဝါးကုသခံယူနေသူ အမျိုးသား(၁၁)ဦး၊အမျိုးသမီး(၂၁)ဦး၊စုစုပေါင်း(၃၂)ဦးရှိကြောင်း ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)