ဒေါပုံ ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉း၀၀)အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၆၅) နှစ်နှင့်အထက် အဘိုးအဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ ၊ နိုင်ငံဝန်ထမ်းမိသားစုဝင်များ၊ Volunteerများအား သတ်မှတ်စုရပ်နေရာတို့၌ Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား Covid -19 Vaccine ကာကွယ်ဆေး ထိုးနှံပေးမှုအား ဒေါပုံမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်းတို့၌ ဆေးထိုးရန် ကျန်ရှိသည့် မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများနှင့်ကျန်ဦး တည်အုပ်စုများကိုလည်း ကာကွယ်ဆေးရရှိသည့်အပေါ် မူတည်၍ ဦးစားပေးအဆင့်အလိုက် ဆက်လက်ထိုးနှံပေးလျှက်ရှိပြီး ယနေ့မှာတော့ မြို့နယ်အတွင်းရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် စုစုပေါင်း (၂၈၀)ကျော်ခန့်ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လာရောက်ထိုးနှံသည့် အဘိုးအဘွားများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး၊ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ် ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ကြက်ခြနီအသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး စေတနာ့ဝန်ထမ်းများမှ လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခင်မာဝေ