သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

 

 

ရန်ကုန်  ဩဂုတ်   ၁၉

 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊  သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များမှ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန် ချက်များနှင့်အညီ စနစ်တကျ ရောင်းချနေမှု ရှိ/မရှိကို ယနေ့၊ နံနက်(၈)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် သင်္ဃန်းကျွန်းမြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကူးစက်မှုပို မိုမြှင့်တက်လာ သဖြင့်ရောဂါကူးစက်မှုနှုန်းကို ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် ရပ်ကွက်များရှိ စားသောက် ဆိုင်များနှင့် လဖက်ရည်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။စားသောက်ဆိုင်များနှင့် လဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိပါက ဒဏ်ငွေပေးဆောင်စေခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

စန္ဒာမိုး