မောင်တော ဩဂုတ် ၁၉
ရခိုင်ပြည်နယ် ၊ မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်အတည်ပြုလူနာများအား မြို့နယ် ပြည်သူ့ဆေးရုံ နှင့် ယာယီသီးသန့်ကုသဆောင်တို့တွင် သီးသန့်ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ယမန်နေ့ နံနက် ပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့ ရှိသူများအနက်မှ ၁ ဦးမှာထပ်မံ၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်းသိရသည်။
မောင်တောပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအနက် ၁ ဦးမှာ ရောဂါပိုးကင်းစင်သဖြင့် ဩဂုတ် ၁၈ ရက်နေ့ နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ရာ ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသူ များအား တာဝန်ရှိသူများက ရောဂါပျောက်ကင်းကြောင်း လက်မှတ်များပေးအပ်ခဲ့ပြီး ဆေးရုံဆင်းလူနာများသည် မိမိ နေအိမ်တွင် (၇) ရက် အသွား အလာကန့်သတ်ကာ သီးသန့် နေထိုင်ရမည်ဖြစ်ရာ ဆက်လက်ဆောင်ရွက်ရမည့် လမ်းညွန်ချက်များအား တိကျစွာ လိုက်နာကြဖို့မှာကြားခဲ့သည်။ ဆေးရုံဆင်းခွင့်ရရှိသူများမှာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်သတ်မှတ် ချက်များ နှင့် ကိုက်ညီသူများဖြစ်ပြီးကြောင်းသိရသည်။
ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက် နေ့ မှ ဩဂုတ် ၁၈ ရက်နေ့ ညနေ ၆ နာရီ အချိန်ထိ ကိုဗစ် အတည် ပြု လူနာ စုစုပေါင်း (၄၇၁)ဦး ရှိရာ ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြု လူနာများအနက် (၄၃၉)ဦးမှာ ကျန်းမာရေး နှင့် အား ကစား ဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းချက်များ နှင့် အညီ ရက်ပြည့် မြောက်ပြီး ရောဂါလက္ခဏာ ထပ်မံပြသမှုမရှိသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ(၁၈)ဦးရှိကြောင်းနှင့် လက်ရှိမောင်တောမြို့၌ ဆေးကုသမှုခံယူနေသူ (၁၄) ဦးရှိ ကြောင်းမြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။
သက်လွင်စိုး