ကျိုက်ထို သြဂုတ် ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဆေးနှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေးနှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် မြို့ပေါ်ရှိဆေးဆိုင်များနှင့် ကုန်စုံဆိုင်မုန့်ဆိုင်များအား စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီမှ ဆေးဝါးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များ အနေဖြင့် ဆေးဝါးများ ရောင်းချရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချရေး၊ စျေးကွက်အတွင်း ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြုပစ္စည်းများ သတ်မှတ်အရည်းအသွေးနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေးနှင့် နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေးတို့အတွက် စစ်ဆေးကြပ်မတ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဆေးဝါးများဖြန့်ဖြူးရောင်းချနေသော ဆေးဆိုင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များအတိုင်း စနစ်တကျတန်းစီကာ စျေးဝယ်သူတစ်ဦးနှင့် တစ်ဦးကြား ၃ပေ စီခြား၍ နှာခေါင်းစည်းmask မတပ်ဆင်ထားသူကို စျေးမရောင်းရန်၊ နှာခေါင်စည်းmaskပေး၍ စနစ်တကျတပ်ဆင်ပြီးမှ ရောင်းချပေးရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုပြန်/ဆက်