နမ့်ခမ်း ဩဂုတ် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ရှိ ခိုလုံလီရှော စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်က မူဆယ်မြို့မှတစ်ဆင့် ပေးပို့လှူဒါန်းသည့် အောက်ဆီဂျင်အိုးများကို ယနေ့ နံနက်ပိုင်း(၁၀)နာရီ အချိန်တွင် နမ့်ခမ်းမြို့နယ်၊ ဆာလုကျေးရွာရှိ ဆာလုတိုက်နယ်ဆေးရုံသို့ သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မူဆယ်မြို့ရှိ ခိုလုံလီရှော စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်က ၎င်း၏ (၆၁)နှစ် မြောက် မွေးနေ့အလှူအဖြစ် မူဆယ်၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် ပြည်သူများအား ရောဂါကာကွယ် ကုသရေးလုပ်ငန်းများ အသုံးပြုရန် မူဆယ် မြို့မှတစ်ဆင့် နမ့်ခမ်းမြို့နယ်အတွင်း တိုင်းရင်းသား ကျေးရွာများရှိ ဆာလုတိုက်နယ်ဆေးရုံနှင့် မိုင်းဝီးတိုက်နယ်ဆေးရုံးတို့အတွက် Cylinder (40L) အောက်ဆီဂျင်အိုး (၃၀)လုံးနှင့် Covid-19 Antigent Testkit (၁၀)ဘူးကို ပေးပို့လှူဒါန်းပေးခဲ့သည်။
အောက်ဆီဂျင်အိုးများ၊ Covid-19 Antigent Testkit များနှင့် အလှူငွေများကို နမ့်ခမ်းမြို့ တအာင်း(ပလောင်) စာပေနှင့်ယဉ်ကျေးမှုကော်မတီ တာဝန်ရှိသူများက ဆာလုတိုက်နယ် ဆေးရုံသို့ သွားရောက်ပေးအပ်လှူဒါန်းခဲ့ရာ တိုက်နယ်ဆေးရုံ ကိုဗစ်-၁၉ ကော်မတီ တာဝန်ရှိ သူများက လက်ခံခဲ့ကြောင်း သိရသည်။
ဘဦး(ပြန်ဆက်)