တောင်ဥက္ကလာပမြို့နယ်၌ ပုံမှန်ဝင်မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

ရန်ကုန် ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စား တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် နိုင်ငံတော်အစိုးမှ ထောက်ပံ့ပေးအပ်ခြင်း အခမ်း အနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင် တို့က  ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ တက်ရောက် အမှားစကားပြောကြားခဲ့ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ‌ဒေါ်သစ်သစ်မြင့်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်တို့က ‌မြို့နယ်အတွင်းရှိ ပုံမှန်ဝင်မရှိသော အိမ်ထောင်စု (၉၉၆၈)စု အတွက် အိမ်ထောင်စု(၁)စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၁၉၉၃၆၀၀၀၀) ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေး မှူးများက ကိုဗစ်-၁၉ ကာလ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများထံ ထောက်ပံ့ ငွေများကို ဆက်လက်ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ဝင်းထက်ထက်အောင်