ကျောက်ဆည်မြို့နယ် တံတားဦးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ပဉ္စမအကြိမ်မြောက် ဆက်လက်ထုတ်ချေးပေး

ကျောက်ဆည် ဩဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ် တံတားဦးကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်နှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် ငွေကြေးသုံးစွဲပြီး ဝင်ငွေတိုးပွားစေရေးအတွက်  အရင်းမပျောက်မတည်လည်ပတ်ငွေဖြစ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများအား ယနေ့နံနက် (၁၀)နာရီက ပဉ္စမအကြိမ်မြောက် ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာမတည်ရန်ပုံငွေများ ထုတ်ချေးပေးရာတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်အေးနှင့်ဝန်ထမ်းများက တံတားဦးကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူ (၅၁)ဦး အတွက် ငွေကျပ်(၁၇၃)သိန်း ငါးသောင်း၊ အရောင်းအဝယ်လုပ်ကိုင်သူ (၄၃)ဦးအတွက် ငွေကျပ်(၈၆)သိန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ(၁၆) အတွက် ငွေကျပ်(၃၂)သိန်း၊ မွေးမြူရေးလုပ်ကိုင်သူ(၆၇)ဦးအတွက် ငွေကျပ်(၉၉)သိန်း ငါးသောင်း စုစုပေါင်း ငွေကျပ်(၃၉၁)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တံတားဦး၊ ကျောက်ဆောက်ကလေး၊ ရှားပင်၊ အရှေ့သံရွာ၊ မုန်တိုင်၊ လေးဆယ်ကုန်းကျေးရွာများတွင် စတင်ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။