သာကေတမြို့နယ်၌ နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသောပြည်သူများအား ဆက်လက် ထောက်ပံ့

ရန်ကုန် ဩဂုတ် ၁၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော ပြည်သူများအား ဆက်လက်ထောက်ပံ့မှုအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)နှုန်းအား ယမန်နေ့ ညနေ(၃)နာရီက ထောက်ပံ့ ပေးခဲ့သည်။

ထိုသို့ နိုင်ငံတော်အစိုးရ၏ ဆက်လက်ထောက်ပံ့ငွေများကို သာကေတမြို့နယ် ရပ်ကွက် (၁၉)ရပ် ကွက် အတွင်းရှိ အိမ်ထောင်စု (၁၆၄၀၉)စုထံသို့ငွေကျပ် (၃၂၈,၁၈၀,၀၀၀)ကို မြို့နယ်အထွေထွေ အုပ်ချုပ် ရေးမှူးဦးစိုးလင်းထိုက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများသို့ ထောက်ပံ့ငွေများပေးအပ်ကာ သက်ဆိုင်ရာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှတဆင့် ပုံမှန်ဝင်ငွေ မရှိသော ပြည်သူများအား ဆက်လက် ထောက်ပံ့ပေးအပ် ခဲ့သည်။

ကိုဘုန်း(ပြန်/ဆက်)