လမိုင်း သြဂုတ် ၁၃
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများကို မော်လမြိုင်ခရိုင်၊ လမိုင်းမြို့အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာထားလျက်ရှိရာ၊ မဲဆန္ဒရှင်များ ပိုမိုပြည်စုံ မှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် အချိန်ပိုမိုရရှိစေရန် ရည်ရွယ်၍ သြဂုတ်လ (၈)ရက်နေ့မှ (၁၄) ရက်နေ့အထိ မဲဆန္ဒရှင်စာရင်းများကို (၇)ရက် ထပ်မံတိုးမြှင့် ကပ်ထားမှာ ဖြစ်ကြောင်းနှင့် ယနေ့အထိမဲဆန္ဒရှင်များ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြောင်း သိရသည်။
လမိုင်း(ပြန်/ဆက်)