လဲချားတွင် လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်

လဲချား  သြဂုတ် ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် လူကုန်ကူးမှု အန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက် ၈ နာရီတွင် ပြသဆောင်ရွက်ထားသည်။

အဆိုပါ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်တွင် လူကုန်ကူးသူများ အုပ်စုဖွဲ့ ကျူးလွန်မှု၊ လူကုန်ကူးခံရသူများ၏ ဆိုးကျိုး များ၊ လူကုန်ကူးခံရလျှင် ဆက်သွယ်ဆောင်ရွက်ရမည့် ဖုန်းနံပါတ်များ၊ ပြစ်မှုပြစ်ဒါဏ်များ နှင့်လူကုန်ကူးမှု တိုက်ဖျက်ဖို့ တာဝန်ကိုယ်စီယူကြစို့ စသည့် အသိပညာပေး အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)