လွိုင်လင် ဩဂုတ် ၁၃
လွိုင်လင်ခရိုင် အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးသန်းတင်၊ အတွင်းရေးမှူး ဦးသိန်းနိုင်နှင့် အဖွဲ့ဝင်(၁၅)ဦးတို့က ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းလျှောက်လွှာများ စိစစ်ခြင်းကို(တတိနေ့)အဖြစ် ယနေ့ နံနက်ပိုင်းမှစ၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရိပ်သာ၌ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလျှောက်ထားသူများအား စိစစ်ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။
ယနေ့ စိစစ်ဆောင်ရွက်ရာတွင် လွိုင်လင်ခရိုင်အတွင်းရှိ လဲချားမြို့နယ်နှင့် မိုင်းကိုင်မြို့နယ်များမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (မဲဆန္ဒနယ် အမှတ် ၁ နှင့် အမှတ် ၂ ) နေရာများအတွက် အမည်စာရင်း တင်သွင်း လျှောက်ထားသူ(၃၅)ဦး ဖြစ်ကြောင်း လွိုင်လင်ခရိုင်အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးထံမှ သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လွိုင်လင်ခရိုင်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ဩဂုတ်လ ၁၁ ရက် နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်နေကြောင်း သိရသည်။
မိုးလွင်ဦး (လွိုင်လင်)