ကျေးရွာများသို့ကွင်းဆင်း၍ အသက်၆၅နှစ်အထက် ဘိုးဘွားများနှင့်ပြည်သူ့များအားကာကွယ်ဆေး သွားရောက် ထိုးနှံပေးလျက်ရှိ

တွံတေး  သြဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် အသက်၆၅နှစ်အထက် ဘိုးဘွားများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ယမန်နေ့၊ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများအတွင်း ထိုးနှံကြရန် အသိပေးနှိုးဆော်ချက်ခြင်း၊ ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေးခြင်းများအား အသံချဲ့စက်များဖြင့် လှည့်လည်ကြေညာ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  ကျေးရွာစီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ကျေးရွာများအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျော့နည်းစေရေး အတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအား သိရှိလိုက်နာရမည့် စည်းကမ်းချက်များ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြစေရန်နှင့် အသက်၆၅နှစ်အထက် ဘိုးဘွားများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မပျက်မကွက်ထိုးနှံကြရန် အလှည့်ကျ ကျေးရွာအုပ်စုအလိုက် နေ့စဉ်ကျေးရွာများအတွင်း လှည့်လည်၍ အသိပညာပေး နှိုးဆော်လျှက်ရှိကြောင်း သိရသည်။

ယမန်နေ့နံနက်ပိုင်းက အ.မ.က(အိုင်ကြီး)စာသင်ကျောင်းတွင် တမံကြီး၊ကန်ရွာ၊ လက်ပံဂွ၊ ကြည်တန်း၊ ဗျောက်ရိုး၊ ၊ ကုလားတန်း-သုံးအိမ်၊ ကလီထော်ကျေးရွာများမှ အသက်(၆၅)နှစ် အထက်ဘိုးဘွား(၆၃)ဦး၊သာသနာ့ဝန်ထမ်းသံဃာ( ၅)ပါး၊ ဝန်ထမ်းမိသားစု( ၇)ဦး၊ ယာဉ်မောင်း(၉)ဦး၊ စျေးရောင်းသူ(၁၃၉)ဦး စုစုပေါင်း(၂၂၃)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ဆေးလာထိုးသူ အဘိုးတစ်ဦးကလည်း" အဘိုးအသက် ၇၁နှစ်ပါ။ ပထမအကြိမ်မှာ ဆီးချိုတက်နေပြီး သွေးပေါင်ပါ တက်နေလို့ ဆေးမထိုးခဲ့ရဘူး အခု ကိုဗစ်တတိယလှိုင်းမှာ အသက်ရွယ်ကြီးတဲ့အရွယ် အဖြစ်များတာတွေ့ရလို ဒီတစ်ကြိမ်ကာကွယ် ဆေးထိုးရင် ထိုးနိုင်အောင် အဘိုးမိသားစုက ကျန်းမာရေး နေတိုင်းစစ်ပေးတယ်။ လမ်းပုံမှန်လျှောက်တယ်၊ဆေးပုံမှန်သောက်လိုအခု ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ဆေးကို ထိုးနိုင်တာပါ၊ အဘိုးလိုအသက်ကြီးတဲ့ သူတွေ့ကျန်းမာရေး ကောင်းရင်းလာထိုးဖြစ်အောင် ထိုးပါလို့ တိုက်တွန်းချင်ပါတယ်ကွယ်။"တမံကြီးကျေးရွာမှအဘိုးတစ်ဦးကပြောပါသည်။