တံတားဦး ဩဂုတ် ၁၇
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် အောက်ဆီဂျင်စက် ဝယ်ယူနိုင်ရေးအတွက် အလှူရှင်များမှ မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ဝယ်ယူနိုင်ရေးကော်မတီ အသီးသီးထံသို့ ယမန်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းကြကြောင်း သိရသည် ။
မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက် ဝယ်ယူနိုင်ရေးအတွက် အလှူရှင်များမှာ ဦးတင်အေး (ဒုတိယ ဗိုလ်ချုပ်ကြီး-ငြိမ်း) ဇနီးဒေါ်ကြည်ကြည်အုန်း နေပြည်တော် မိသားစုမှ အလှူငွေကျပ်(၄၂၀)သိန်းကို မတည် လှူဒါန်းခြင်းဖြစ်ပြီး အမှတ်(၁)ရပ်ကွက် ဦးသုန္ဒရ(မေဃဝန်ပရိယတ္တိစာသင်တိုက်)မှ အလှူငွေကျပ် (၁၀)သိန်း ၊ တံတားဦးမြို့ ဦးလင်း(ခေတ်သစ်-မိုဘိုင်းရောင်းဝယ်ရေး) မိသားစုမှ ငွေကျပ်(၁၀)သိန်း၊ စိတ္တရမဟီရပ် ဒေါ်မြဝင်း (ပန်းသခင်သုံးဘီးအပိုပစ္စည်းရောင်းဝယ်ရေး) မိသားစုမှ အလှူငွေကျပ်(၁၀)သိန်း၊ မန္တလေးမြို့ ဦးနိုင်ဝင်းဇနီး ဒေါ်အေးခိုင်(သင်းပျံ့-ရွှေဆိုင်)မိသားစုမှ အလှူငွေကျပ်(၁၀)သိန်း၊ တံတာဦးမြို့ နီပါးတန်းရပ် ဦးမင်းမင်းဇနီး ဒေါ်ဇာခြည်ဖြိုးဝေ မိသားစုမှ အလှူငွေကျပ်(၅)သိန်း၊ ရေလည်ကွေ့ရပ် ဦးညွန့်သန်း ဇနီးဒေါ်နွယ်နီ မိသားစုမှ အလှူငွေ(၅)သိန်း၊ တံတားဦးမြို လက်ဆောင်ယူကျေးရွာ ဒေါ်နီနီဝင်းမှ အလှူငွေကျပ် (၅)သိန်း၊ ကျောက်ဖြူမြို့ ဦးချမ်းမြေ့စောဇနီးဒေါ်ယမင်းအိ မိသားစုမှ(၃)သိန်းကျပ်၊ တံတားဦးမြို့ ဆုံကုန်းရပ်မှ ဦးတင်ဝင်းဇနီး ဒေါ်တင်တင်ဝင်း မိသားစုမှ (၃)သိန်းကျပ်၊ လွှစဉ်တန်းရပ် ဦးသောင်းနိုင် ဇနီး ဒေါ်မိုးမိုးအေး (ယုန်မင်း-နို့ဆီလုပ်ငန်း)မိသားစုမှ (၃)သိန်းကျပ်၊ တံတားဦးမြို့ ဦးစိုးမြတ်သူ(ဆည်မြောင်းဦးစီးမှူး) ဇနီးဒေါ်ခင်အိအိဖြိုး မိသားစုမှ(၃)သိန်းကျပ်၊ သာဂေါင်ရပ် ဦးအောင်မျိုးဝင်းဇနီးဒေါ်နှင်းအိအောင် (အောင်ကျော်ကြား-မြေဩဇာ ရောင်းဝယ်ရေး) မိသားစုမှ(၂)သိန်းကျပ်၊ ရေလည်ရပ် ဦးမျိုးဇနီးဒေါ်နှင်းထွေး မိသားစုမှ(၂)သိန်းကျပ်၊ အင်းဝမြို့ ဦးသိန်းစိုး မိသားစုမှ(၁)သိန်း (၅)သောင်းကျပ်၊ အင်းဝမြို့ ဦးမျိုးသန့်နိုင်ဇနီး ဒေါ်နီတာမိသားစု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ မိသားစု၊ စာရေးဆရာ ဗိုလ်ရှိတ်(ရတနာပူရ)ဇနီး ဒေါ်မာမာခိုင် မိသားစု၊ ဦးစိုးတင့်ဇနီး ဒေါ်စန်းယုဝင်း (ရွှေဇီးကွက်ဆေးဆိုင်)မိသားစု၊ သာဂေါင်ရပ် ဦးဂွမ်းဇနီးဒေါ်ခိုင်မာ(သဇင်-ကဖေးမိသားစု)၊ တစီးရှင်ရပ် ဦးအုန်းလှိုင် ဇနီး ဒေါ်ခိုင်ဇာဝင်း (ပွင့်လန်း-တိုင်းရင်းဆေး)မိသားစုနှင့် တံတားဦးမြို့ ဦးချိုဇနီး ဒေါ်ခိုင် (တိုင်းဗဟိုရ်-စားသောက်ဆိုင်)မိသားစုတို့မှ အလှူငွေကျပ် (၁)သိန်းစီ ကိုလည်းကောင်း အသီးသီး လာရောက်လှူဒါန်းကြရာ ကော်မတီများမှ အသီးသီး လက်ခံရယူကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ အသီးသီး ပြန်လည်ပေးအပ်ကြသည် ။
တံတားဦးမြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ကို တံတားဦးမြို့ အမှတ်(၃)ရပ်ကွက်၊ သုခိတကမ္ဘောဇဗိမ္မာန် တွင် တည်ဆောက်မည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်စက်နှင့် စက်ရုံတို့၏ ကုန်ကျမည့်ငွေမှာ ငွေကျပ်သိန်း (၁)ထောင် ကျော်ရှိကြောင်း၊ အောက်ဆီဂျင်စက်နှင့် စက်ရုံတည်ဆောက်ပြီးစီးပါက တံတားဦးမြို့နယ်အနေဖြင့် နာရီပေါင်း(၂၀)နာရီ တွင် အောက်ဆီဂျင် (၄၀)လီတာအိုး အလုံးပေါင်း(၈၀)ကို ထုတ်လုပ်လှူဒါန်းပေးနိုင်မည် ဖြစ်ကြောင်း မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက် ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးချမ်းသာ ထံမှ သိရသည်။
ရဲတင့်(တံတားဦး)