မိုင်းဖြတ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ပူးပေါင်းကွင်းဆင်းဆောင်ရွက်

မိုင်းဖြတ်  သြဂုတ် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့သည် ယမန်နေ့ မွန်းတည့် ၁၂နာရီက ဆွပ်ပန်းကျေးရွာရှိ ကျေးရွာစာကြည့်တိုက်၌ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့်  ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ သည်။           

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာပေသုတ ဖွံ့ဖြိုးမှ ဘဝ တိုးတက်ရ၊ ကိုဗစ်-၁၉ ရောဂါ မိမိကစကာကွယ်ပါ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး နှိမ်နှင်းရေး စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာထွန်းဇော်ဝင်းက “တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်ချုပ်ရေးနှင့် မွေးမြူရေးဆိုင်ရာ သိကောင်း စရာများကို ရှင်းလင်းဟောပြောခဲ့သည်။ ယင်းနောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်းခမ်းက  ကျေးရွာစာကြည့်တိုက်များ အတွက် စာအုပ်စာစောင် များကိုပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့   တက်ရောက်လာသူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဝေငှခြင်း၊ ကိုဗစ်-၁၉ ရောဂါ မိမိကစကာကွယ်ပါ “သတင်းစကား” လက်ကမ်းစာစောင်နှင့် မူးယစ်ဆေးဝါး အန္တရာယ် တိုက်ဖျက်ရေး  အသိပညာပေး လက်းကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ဓာတ်ပုံပြဘုတ်နှင့် အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့သည်။ ဆက်လက်၍ မွန်းလွဲ ၁ နာရီတွင် ဆိုက်ခေါင်ကျေးရွာသို့ အသိ ပညာပေး ဟောပြောပွဲကို ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)