ပုသိမ်ကြီးမြို့နယ်တွင် အသက်(၆၅)နှစ်အထက် အဖိုးအဘွားများ နှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပုသိမ်ကြီး ဩဂုတ် ၁၆ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ဒုတိယအကြိမ် ထိုးနှံမည့် အသက်(၆၅)နှစ် အထက် အဖိုးအဘွားများ နှင့် ကိုဗစ်ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinophram) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈နာရီခွဲက မြို့နယ်ပြည်သူ့ ဆေးရုံ ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် အဖိုးအဘွားများ နှင့် နိုင်ငံ့ဝန်ထမ်းများ လာရောက်ထိုးနှံကြရာ အသက်(၆၅)နှစ်အထက် ကျား(၅၉)ဦး၊ မ(၈၂)ဦး၊ နိုင်ငံ့ဝန်ထမ်း ကျား(၇၇)ဦး၊ မ(၆၈)ဦး စုစုပေါင်း(၂၈၆)ဦး တို့အား မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဒေါ်ခင်ခင်လေး (အထက်တန်းသူနာပြု) နှင့်အဖွဲ့က စနစ်တကျ ထိုးနှံပေးကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ နှင့် မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။