မိုင်းခတ် သြဂုတ် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၌မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ လွတ်လပ်မျှတသော ရွေးကောက်ပွဲပံ့ပိုးကူညီရေးကွန်ရက် (Myanmar Network Organization For Free And Fair Elections) အဖွဲ့ဝင်များက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်များကို (ဒုတိယ) အကြိမ်ပြည်သူများထံ ဖြန့်ဝေခြင်း၊ ပိုစတာ၊ ဗွီနိုင်းများ ကပ်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်နှင့် ပိုစတာများတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ပြည်သူများ အနေဖြင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှု မရှိစေရေး၊ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင်ပါ သလား၊ မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊မဲဆန္ဒရှင်စာ ရင်းတွင် အမည် မပါဝင်ပါ က ဆောင်ရွက်ရမည့်အချက်များနှင့် မပါဝင်သင့်သူ ပါဝင်နေပါ ကပယ်ဖျက်ရန် ဆောင်ရွက်ရမည့် အချက်များနှင့် အစရှိသည်တို့ကို ထည့်သွင်းဖော်ပြ ထားကြာင်းသိရသည်။ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ပိုစတာ၊ ဗီနိုင်းများ ကပ်ခြင်းတို့ကို မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမျိုးဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ လွတ်လပ်မျှတသော ရွေးကောက်ပွဲများ ပံ့ပိုးကူညီရေး ကွန်ရက် (Myanmar Network Organization For Free And Fair Elections) အဖွဲ့မှ ပရိုဂရမ်မန်နေဂျာ ဦးမင်းသူနောင်နှင့် လူငယ် (၃၀)ဦးတို့က ဈေးရောင်းချသူများ၊ ဈေးဝယ်သူများ၊ ကုန်စုံဆိုင်နှင့် စားသောက်ဆိုင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးဒေ (ပြန်/ဆက်)