ရန်ကင်း ဩဂုတ် ၁၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ဒုတိယအကြိမ် ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ် ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမောင်မောင်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော် အစိုးရမှ စားဝတ်နေရေးနှင့် အလုပ်အကိုင်များ အခက်အခဲ မဖြစ်စေရေးအတွက် ဒုတိယအကြိမ်ငွေကြေး ထောက်ပံ့ပေးအပ်ခြင်းဖြစ်သဖြင့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ လက်ဝယ်သို့ ထောက်ပံ့ငွေများ စနစ်တကျမှန်ကန်စွာ ပေးပို့ဆောင်ရွက်ရန် ရှင်းလင်း ပြောကြားပြီး မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စု (၃၉၄၁) စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၇၈၈၂၀၀၀၀/-)အား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)