တိုက်ကြီးမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ကြေးငွေများ ပေးအပ်

တိုက်ကြီး ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ငွေ ၂၀၀၀၀/- ကျပ် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား ထောက်ပံ့ငွေများ ပေးအပ်လျက် ရှိရာ ဩဂုတ် လ ၁၂ ရက်နေ့တွင် တိုက်ကြီးမြို့နယ်အတွင်းရှိ အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ကြေးငွေ ၂၀၀၀၀/- နှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၂၂၄၆၀)စုအတွက် စုစုပေါင်း ထောက်ပံ့ကြေးငွေ (၄၄၉၂၀၀၀၀) ကျပ်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်၊ တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှိန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး နှင့် ဒုမြို့နယ် အုပ်ချုပ် ရေးမှူး ဦးအောင်ကျော်စိုးတို့က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထံသို့ ပေးအပ်ခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များမှ တစ်ဆင့် အိမ်ထောင်စုများထံသို့ ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)