ဒဂုံတောင် သြဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ပေးအပ်သော ထောက်ပံ့ ကြေးငွေ (ဒုတိယအကြိမ်) မြောက်အား ယမန်နေ့ ညနေ(၄:၀၀)နာရီက ပြည်သူများ လက်ဝယ် အရောက်ပေးပို့ခဲ့ကြောင်းသိရသည်။
အဆိုပါနိုင်ငံတော်မှထောက်ပံ့ကြေးငွေ ဒုတိယအကြိမ်မြောက်အား ဒုတိယ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးမောင်စံဝင်းက ဦးဆောင်၍ မြို့နယ်အတွင်းရှိ အိမ်ထောင်စု( ၅၁၄၂၆) အတွက် ငွေကျပ် သိန်းတစ်သောင်းနှစ်ရာ ရှစ်ဆယ့် ငါးသိန်း နှစ်သောင်းအား ရပ်ကွက်နေ ပြည်သူများ ထံ သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် နိုင်ငံတော်မှပေးအပ်သည့် ထောက်ပံ့ကြေးငွေများအား ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုဝင်များ ကျန်ရှိမှု မရှိ စေရေး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် အထူး ဂရုစိုက်ပေးအပ်ကြရန်ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)