မြောက်ဥက္ကလာပမြို့နယ် မယ်လမုသုံးထပ်ဓမ္မာရုံ၌ အခမဲ့ဖျားနာကုဆေးခန်း(Fever Clinic)ဖွင့်လှစ်မည်

မြောက်ဥက္ကလာပ ဩဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် Fever Clinic ဆေးခန်းကို (၂)ရပ်ကွက်၊ မယ်လမုဘုရားဝန်း သုံးထပ်ဓမ္မာရုံတွင် ၂၀၂၁ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှစတင်၍ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေများတွင် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမဲ့ဖျားနားကု Fever Clinic ဆေးခန်းတွင် လူနာများလက်ခံကုသပေးခြင်း၊ ကိုဗစ်ရောဂါရှိ/မရှိ စစ်ဆေးပေးခြင်း၊ရောဂါတွေ့ရှိပါကကုသမှုပေးနိုင်ရန်ဆောင်ရွက်ခြင်း၊ လိုအပ်ပါက ဆေးရုံများသို့ လွဲပြောင်း ကုသခြင်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ရောဂါဖြစ်ပွားနေသူများအတွက် ဆေးဝါးနှင့် အစား အသောက်များလှူဒါန်းလိုပါကလည်း ဆေးခန်းသို့လာရောက် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်၊၊

မြမြဝင်း